free web counter
greyhound runningHurricaneRunning Ostrich

Tuesday, May 18, 2010

Ralrin Peknak

ရန်ကုန်မြို့မှ အင်တာနက် ဆိုင်များတွင် (စအဖ)မှ အမျိုးသမီးငယ်များအား ဆိုင်ဝန်ထမ်းပုံစံဖြင့် လာရောက်ထည့်သွင်း မြုပ်နှံထားခြင်း

သူခယ်ချင်း တစ်ယောက်ရဲ့ fwd mail ကပါ အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။
ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားရကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားလာပါတယ်။
ယခုရက်ပိုင်းအတွင်း အာဏာပိုင်တွေမှ အင်တာနက်ဆိုင်များအား အထူးစောင့်ကြည့်လျှက်ရှိပြီး ယခု အမျိုးသမီးများအား အသုံးချပြီး စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်လာခြင်း ဖြစ်ပါတယ်။
ပြည်တွင်းက အင်တာနက် ဆိုင်ရှင်တစ်ဦး ဆက်သွယ်ပြောဆိုလာ တာပါ...။
ပြည်တွင်းမှ ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်..
ပြည်တွင်းက အင်တာနက် အသုံးပြုတဲ့ ညီအကို မောင်နှမများ ဆောင်ရန် ရှောင်ရန်...အောက်မှာ ဆက်လက်ဖတ်ရှုပါရန် ရေးသားသူ ရွှေသွေး..
မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များရှိ ကွန်ပျူတာတွေထဲမှာ Keylogger ခေါ်တဲ့ ဆော့ဖ်ဝဲများထည့်သွင်းထားပြီး လာရောက်သုံးစွဲသူတွေထဲကနေ နိုင်ငံရေးနဲ့ ပတ် သက်ပြီး ပြည်တွင်းပြည်ပဆက်သွယ်သူများကို ခြေရာခံကာ ပြန်ပေးဆွဲ ဖမ်းဆီးနှိပ်စက် ထောင်ချ သတ်ဖြတ်မှုများရှိနေကြောင်း သိရလို့ အင်တာနက် သုံးစွဲသူများ အန္တရာယ်ကင်းစေရန် တေဇာတေ-ရဲ့ “သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာသုံးရင် သိထားသင့်တဲ့ အချက်တစ်ချို့” ဆိုတဲ့ ဆောင်းပါးကို အနည်းငယ် ပြင်ဆင်ဖော်ပြခြင်း ဖြစ်ပါတယ်။
အနည်းငယ် ရှင်းပြပါမယ်။ Keylogger ဆိုသည်မှာ Windows စတက်ကထဲက အလုပ်လုပ်တဲ့ Software တမျိုးပါ။ ကွန်ပျူတာပိတ်ထားပေမဲ့လဲ အဲဒီ Software က အလုပ်လုပ်နေဆဲပါ။ အဲဒီ Software ရဲ့ထူးခြားချက်က Tray icon မပေါ်ပါ။ ဒါ့ကြောင့် ၄င်းအလုပ်လုပ်နေမှန်း မသိနိုင်ပါ။ သို့သော် ၄င်း Keylogger ကနေ မိမိ Keyboard နဲ့ရိုက်သမျှ၊ Mouse နဲ့နှိပ်လိုက်သမျှအားလုံးကို အချိန်နဲ့တကွ မှတ်ထားပေးပါတယ်။ ထိုအခါ မိမိရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်သမျှ အားလုံးကို ၄င်း Keylogger က မှတ်တမ်းတင်ထားပြီးဖြစ်လို့ လုံခြုံမှု လုံးဝမရှိတော့ပါ။ All in 1 key-logger ဆိုရင် ဓါတ်ပုံများ၊ အသံနဲ့ ဗီဒီယိုစသည်များကိုပါ အတိအကျ မှတ်သားထားပေးနိုင်တဲ့ အဆင့်မြင့်ဆော့ဖ်ဝဲဖြစ်လို့ ပိုမို အန္တရာယ်ကြီးပါတယ်။
ကွန်ပျူတာမှာ အဲဒီ Software သွင်းထားပြီး သုံးစွဲသူရဲ့ လုပ်ဆောင်ချက်များကို အတိအကျ မှတ်တမ်း တင်နိုင်တဲ့အတွက် မိမိတို့အနေဖြင့် ဆိုင်ဘာကဖီး (သို့မဟုတ်) သူများရဲ့ ကွန်ပျူတာကို သုံးစွဲမယ် ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာမှာ ၄င်းဆော့ဖ်ဝဲ ရှိမရှိ အရင်ဆုံး စစ်ဆေးကြည့်တဲ့ အလေ့အကျင့် လုပ်ထားပါက အကောင်းဆုံးဖြစ်သလို ပိုမို လုံခြုံမှုရှိပါလိမ့်မယ်။ မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကွန်ပျူတာက မှတ်မထားနိုင်အောင်လုပ်ရမဲ့ နည်းလမ်း ကတော့
၁) Ctrl+Shift+Esc(or)Ctrl+Alt+Del နှိပ်ပါ။
၂) Task manager ပေါ်လာပါမယ်။
၃) Task manager မှ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို ရှာပါ။
၎) msdts.exe တွေ့လျှင် အဲဒီကွန်ပျူတာမှာ keylogger ထည့်ထားပါတယ်။
၅) အဲဒီလိုတွေ့ရင် ၄င်း msdts.exe ကိုရွေးကာ End process လုပ်ပါ။ ထိုသို့ end process လုပ် ခြင်းဖြင့် ၄င်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးရပ်သွားပြီး မိမိလုပ်ဆောင်ချက်များကို မှတ်မထား နိုင်တော့ပါ။ (ကွန်ပျူတာကို စိတ်ချစွာ အသုံးချနိုင်ပါပြီ။)

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခု (Ctrl+Alt+Delete) နှိပ်ပြီးခေါ်တာအပြင် နောက် တနည်းကတော့ window logo+R နှိပ်ပြီးတက်လာတဲ့ Run box မှာ taskmgr လို့ စာရိုက်ပြီး task managerကို ဖော်ပါ။ ဒါမှမဟုတ် Start ကနေသွားပြီး Run ကိုသွားပါ။ ဆက်လုပ်ရမှာကတော့ အထက်ပါ အတိုင်းပါပဲ။ အကောင်းဆုံးနည်းလမ်းမှာ task manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ ပရိုဂရမ်တွေ ထဲက မိမိသုံးမဲ့ ပရိုဂရမ်လောက်ပဲ Ok ထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းပါပဲ။ အကြောင်းမှာ သာမန်ကွန်ပျူတာအသုံးပြုသူအနြေ
ဖင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို မှတ်ထားတယ်ဆိုတာကို မသိနိုင်တဲ့အတွက် အန္တရာယ်ကြီးပါတယ်။ မိမိသုံးမဲ့ ပရိုဂရမ်ကိုသာ သီးသန့်ထားပြီး ၄င်း process tab ထဲမှာရှိသမျှ ဖိုင်အားလုံးကို end process လုပ်ပြီး သုံးတာက အလုံခြုံဆုံးဖြစ်တဲ့အတွက်ကြောင့်ပါပဲ။
အထူးသတိပြုရမှာကတော့ တကယ်လို့ task manager ကိုခေါ်မရပဲ admin နဲ့ဆက်ရမယ် ဆိုရင် တော့ အဲဒီလို အင်တာနက်ကဖီးမျိုးကို ရှောင်သင့်သလို လက်လှမ်းမီရာ သူငယ်ချင်းများကိုပါ အသိ ပေးထားသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် မိမိအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် keylogger တွေထဲမှာပင် Online webpage မှာတင်လို့ရတဲ့ keylogger နဲ့ hardware keylogger ဆိုပြီး အဆင့်မြင့် နည်းပညာများလဲ ရှိပါသေးတယ်။ ၄င်း နည်းပညာများထည့်သွင်း တပ်ဆင်ထားတဲ့ ကွန်ပျုတာဆိုရင် Taskmanager ခေါ်ပြီး End process လုပ်ကာ သုံးစွဲပေမဲ့ မလုံခြုံနိုင်ပါ။ ဒါ့ကြောင့် သတိကြီးကြီးထားနိုင်မှ တော်ကာကျပါမယ်။
ဒီစာလေးကိုရေးပြီး အသိပေးရတဲ့အကြောင်းရင်းကတော့ တာမွေ-ကျောက်မြောင်းရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနဲ့အဆက်အသွယ်လုပ်တယ်-ဆိုကာ ကွန်ပျူတာ အချက်အလက် အထောက်အထားနှင့်တကွ အဖမ်းခံရကြောင်းကြားသိရလို့ အခြားသော ပြည်တွင်းမှ အင်တာနက်သုံသူတွေအနေနဲ့ နည်းပညာပိုင်းအရ ရှောင်လွှဲလို့ရနိုင်တဲ့ နည်းလမ်းကောင်းလေးတခုကို တဖက်တလမ်းကနေ ဆင့်ပွားမျှဝေပေးခြင်း ဖြစ်ပါတယ်။ ဒါလေးကိုဖတ်ပြီး ပြည်တွင်းက အင်တာနက်သုံးသူ မိတ်ဆွေများဆီကို လက်လှမ်းမီသမျှ မျှဝေပေး ခြင်းဖြင့် “နှမ်းတစေ့ဖြင့် ဆီမဖြစ်နိုင်..” ဆိုသော်လဲ “အုဌ်တချပ် သဲတပွင့်..” အနေဖြင့် မြန်မာ့အရေးကို တဖက်တလမ်းမှ ကူညီပေးနိုင်မယ်-လို့ ယုံကြည်ပါကြောင်း…
နောက်တစ်ခုကတော့
ဂူးဂဲလ်တော့ခ် (google talk) ခေါ် ဂျီတော့ခ် (gtalk) သုံးစွဲသူတွေ မြန်မာပြည်မှာ အဖမ်းခံရတယ် ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့အပတ်က မိုးမခ နဲ့တခြားဘလော့တွေမှာ ဖတ်ရတော့ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ အင်တာနက် စောင့်ကြည့်ရေး အောက်မှာ အရဲစွန့် သုံးစွဲနေသူများကို အထူးစိုး ရိမ်နေခဲ့တာ အမှန်ပါ။ ညီငယ်တဦး ဖြစ်သူလည်း မကြာသေးခင်ကတက်ကြွလူငယ်တစုနဲ့ အတူ နိုင်ငံတော်အကြီးအကဲများကို အကြည်ညိုပျက် အသရေဖျက်မှုနဲ့ ထောင်ဒဏ် ကျခံနေရကာ နောက်ဆက်အမှုတွဲအဖြစ် သူရဲ့ အင်တာနက်ဆိုင် ဝင်ထွက် သွားခဲ့တဲ့ မှတ်တမ်း အချက် အလက်ကြောင့် အင်တာနက်က တဆင့် သတင်းဖြန့်ဝေမှု ဘာ ညာ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ အင်တာနက် ဆက်သွယ်ရေး နည်းဥပဒေ ၃၄ (ဃ) ဖြင့် ပြစ်ဒဏ် ပိုမိုချနိုင်ဖို့ တရားစွဲဆိုမှု ခံနေကြောင်း မိဘများက ပြောပြတယ်။အများသိတဲ့အတိုင်း ယနေ့ မြန်မာပြည်မှာ အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး တက်ကြွသူတွေကိုလည်း စစ်အစိုးရက အင်တာနက်ဆိုင်သွား၊ အင်တာနက်သုံးတာ ရှိရင် ဒီ အင်တာနက်ဆိုင်ရာ မတရားဥပဒေနဲ့ ထောင်ချဖို့ ပြင်ဆင်ထားပါတယ်။ ဒီတော့ အခုရက်အတွင်းဂျီတော့ခ် သုံးစွဲတာကို အစိုးရက ကြားဖြတ် ဝင်ရောက်ပြီး အချက်အလက်တွေ ရယူနိုင်တာကြောင့်လို့ သတင်းတွေမှာ မတင်မကျ ရေးထားတာကြောင့် အင်တာနက်သုံးစွဲသူတွေမှာ ဂျီမေးလ် (gmail) ဂျီတော့ခ် သုံးစွဲတာ လုံခြုံမှုမရှိ သူတို့ ပြောဆိုရေးတာတွေကို အစိုးရက အချိန်မရွေး ကြားဖြတ် ဝင်ရောက်နိုင်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်ကြကုန်ပါတယ်။ ဒီလိုအစိုးရသတင်း အချက်အလက် ရယူနိုင်တာ ဂျီမေးလ် လုံခြုံမှု မရှိလို့ မဟုတ်ဘဲသုံးစွဲသူများ အခြေခံ ရှောင်သင့် ဆောင်သင့်တာ မလုပ်နိုင်တာက တကြောင်း နဲ့စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုများကြောင့် ဖြစ်ပါတယ်။ ဒီအတွက် အနည်းဆုံး အင်တာနက် သုံးစွဲနေသူများ အနေနဲ့ သိသင့် ရှောင်သင့် ဆောင်ရန် အချက်များကို မျှဝေလိုက်ပါတယ်။ အင်တာနက် လောကကို ဦးဆောင်နေတဲ့ ဂူးဂဲလ် (google) အုပ်စုထုတ် ဂျီတော့ခ်၊ ဂျီမေးလ် တို့ကို အလွယ် ဝင်ရောက်ကာ သုံးစွဲသူရဲ့ သတင်း အချက် အလက် ယူလို့မရနိုင်ပါ။ အများအားဖြင့် ဒီလို မိမိတို့ သတင်း အချက်အလက်တွေကို တပါးသူ ရယူနိုင်တာ၊ ဖျက်ဆီး နှောက်ယှက်ခံရတာ အင်တာနက် သုံးစွဲသူများ ကိုယ်တိုင် အင်တာနက် သုံးစွဲရာမှာ သိသင့်တဲ့ အခြေခံ ရှောင်ရန် ဆောင်ရန်များကို အလေးမထား မလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ယနေ့ မြန်မာပြည် အင်တာနက် သုံးစွဲနေမှုကို အကြမ်း လေ့လာကြည့်ရင် အင်တာနက်သုံးစွဲသူ အရေအတွက် အလွန်နည်းပါးလျက်ရှိပြီး သုံးစွဲသူများ စာရင်း အရေအတွက်ကိုလည်း စစ်အစိုးရက အလွယ် ရရှိနိုင်ပါတယ်။ အများစုမှာ အင်တာနက်ဆိုင်များမှာ သုံးစွဲနေရပြီး အများစုမှာ အင်တာနက် နည်းပညာ ကို စလုံးရေးစ မသိသေးသူများသာ ဖြစ်ကြပါတယ်။ စိတ်ဝင်စားစရာ တချက်က အခမဲ့ ရယူနိုင်တဲ့ ဟော့မေးလ် (hotmail) နဲ့ ယာဟူး (yahoo) တို့ကို ယနေ့အထိ ပိတ်ပင်ထားပြီး ဂျီမေးလ် ကိုသာ ရယူနိုင်ပါတယ်။ ထူးခြား ထူးဆန်းတာက အီးမေးလ် အသစ် ဖွင့်လိုသူများမှာ အင်တာနက်ဆိုင်ကိုသွားပြီး ဂျီမေးလ် ဖွင့်ပေးဖို့ ငွေပေး လုပ်ကိုင်ရကြောင်း၊ ဖွင့်ပေးတဲ့ အီးမေးလ်ရဲ့ သုံးစွဲသူ အမည် (username) နဲ့ စကားဝှက် (password) တို့ကို အင်တာနက်ဆိုင်က မှတ်ယူ သိမ်းထားပြီး အီးမေးလ် လာသုံးတဲ့အခါ ဆိုင်က ဖွင့်ပေးကြောင်း ညီငယ်တဦးက ပြောပြပါတယ်။ စစ်အစိုးရအနေနဲ့ တဖက်မှာလည်း ဘယ်သူတွေ ဘယ်အချိန်ကာလမှာ အင်တာနက် သုံးစွဲတယ် ဆိုတာကို အင်တာနက် ဆိုင်များရဲ့သုံးစွဲသူမှတ်တမ်း (အဝင်-အထွက်၊ သုံးစွဲတဲ့ အချိန်ကာလ) ကို ယူကြည့်ခြင်းဖြင့် အလွယ်ရယူနိုင်တယ်။ အခုနောက်ပိုင်း တချို့ အင်တာနက်ဆိုင်များမှာလည်း ကွန်ပြူတာ (အင်တာနက်) သုံး ဝါရင့်လာသူများ ရှောင်ရှားမှုကို ထောက်လှမ်းနိုင်ဖို့ အာဏာပိုင်များက keylogger ခေါ် ကွန်ပြူတာသုံးစွဲသူ အသုံးပြုပုံ စာရိုက်ချက်တွေကို မှတ်ယူနိုင်တဲ့ စနစ်ကို ကွန်ပြူတာများမှာ ထည့်သွင်းပြီး သုံးစွဲသူများရဲ့အကြောင်းအရာများကို ထောက်လှမ်း ရယူနေတယ်လို့ သိရှိရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ဒေသမှာ နေနေ အများသုံး ကွန်ပြူတာကို သုံးပြီးအင်တာနက် ကြည့်သူ သုံးသူများအတွက် လုံခြုံမှုမှာ ကိုယ်ပိုင် ကွန်ပြူတာနဲ့ ကိုယ့်အိမ်မှာ သုံးတာထက် အထူး နည်းပါးပြီး မိမိရဲ့သုံးစွဲမှု အချက်အလက်များကို တခြားလူများက အလွယ်တကူ ဖော်ထုတ် ရယူနိုင်ပါတယ်။ (စကားချပ် - ဒီဖက် အမေရိကန်နိုင်ငံ နဲ့ တိုးတက်နေတဲ့ နိုင်ငံတွေမှာလည်းနိုင်ငံတော် လုံခြုံရေး အကြမ်းဖက် လှုပ်ရှားမှုများ နဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ်များရဲ့ ကာမဆိုင်ရာ ပုံများ ဖလှယ်မှု၊ အသက် မပြည့်သူများနဲ့ ကာမဆိုင်ရာ ဆက်သွယ် လုပ်ကိုင်မှုများကို စောင့်ကြည့် ကြားဖြတ် လုပ်ကိုင်နေပါတယ်)။
အင်တာနက်ပေါ်မှာ နိုင်ငံရေး ဆိုင်ရာ အကြောင်း အရာ အချက် အလက်များ ရေးသား ပြောဆိုတာတွေကို အထူး တင်းကြပ် စောင့်ကြည့်နေတဲ့ မြန်မာပြည်မှာ အင်တာနက် သုံးစွဲနေသူများ အနေနဲ့ တက်နိုင်သမျှ အင်တာနက်ဆိုင်များ လူမြင်ကွင်းမှာ လျှိုဝှက်သင့်တဲ့ အကြောင်းအရာ အချက်အလက်များကို ဂျီတော့ခ်၊ အီးမေးလ် တို့မှတဆင့် ရေးသားပို့ဆောင်၊ ဖလှယ်ခြင်းများကို အထူးဂရုစိုက် လုပ်ကိုင်ဖို့ လိုပါတယ်။ တဖက်မှာလည်း အင်တာနက်သုံးစွဲသူအနေနဲ့ အခြေခံမဖြစ်မနေ လုပ်သင့်တာများကို ပြင်ဆင်လုပ်ကိုင်ဖို့ လိုပါတယ်။ (၁) အင်တာနက်ဆိုင်က မိမိ အီးမေးလ် (ဂျီမေးလ်)၊ ဂျီတော့ခ် များကိုဖွင့်ပေးထားပါက စကားဝှက်အသစ်ကို မိမိကိုယ်တိုင် ရွေးချယ် ပြောင်းလဲပါ။ အတတ်နိုင်ဆုံး မိမိ စကားဝှက်ကို သူငယ်ချင်း မိတ်ဆွေ၊ မောင်နှမ ဆွေမျိုး သားချင်း မည်သူကိုမှ ပေးမသိဖို့၊ အလွယ် ရေးမှတ်ထားခြင်း မလုပ်ဖို့ နဲ့ အနည်းဆုံး သုံးလတကြိမ် စကားဝှက် အသစ် ပြောင်းလဲပါ။ ဂျီတော့ခ်၊ ဂျီမေးလ်ကို အများသုံး ကွန်ပြူတာမှာ သုံးစွဲတဲ့အတွက် အီးမေးလ်ကိုဖွင့်တဲ့အခါ သုံးစွဲသူအမည်၊ စကားဝှက် တို့ကို ဖြည့်ပြီးတဲ့အခါ အောက်ဖက်ရှိ Remember me on this computer ချက်ဘောက် ကို check မလုပ်ပါနဲ့။ အင်တာနက် သုံးပြီးတဲ့ အခါလည်း အီးမေးလ်ကို logout လုပ်ပြီး အင်တာနက် ဘရော့စာ တခုလုံးကို exit လုပ် ပိတ်ပစ်ပါ။ ဂျီတော့ခ် ဝင်ဒိုးကိုလည်း exit လုပ် ပိတ်ပစ်ပါ။

(၂) ဂျီတော့ခ်၊ ဂူးဂဲလ်တော့ခ် သုံးသူများအနေနဲ့ မိမိ သိတဲ့သူ ရင်းနှီးသူများကိုပဲ မိမိတို့ စကားဝိုင်းထဲကို ဖိတ်ခေါ် ထည့်သွင်းဆက်သွယ် ပြောဆိုပါ။ မိမိ မသိသူ တဦး တယောက်က ချိတ်ဆက်လာ၊ ဖိတ်ခေါ်တဲ့အခါ ဘယ်သူဘယ်ဝါ ဆိုတာကို သိအောင် စီစစ်ပြီးမှ မိမိ စကားပြော အုပ်စု စာရင်းထဲ ထည့်သွင်းပါ။ မသိသူ ဖိတ်ခေါ်မှုကို အလွယ်လက်ခံခြင်း၊ မိမိ အုပ်စုထဲ ထည့်သွင်းခြင်း မလုပ်သင့်ပါ။ ထောက်လှမ်းသူများ အနေနဲ့ မိမိ သူငယ်ချင်း မိတ်ဆွေပုံစံမျိုးနဲ့ စကားပြောအုပ်စုထဲ ဝင်ရောက်ဖို့ ကြိုးစားနိုင်တာမို့ ဂျီတော့ခ်နဲ့ စကားပြောမယ်ဆိုရင် ကြိုတင် (ဖုန်း) အချိတ်အဆက် လုပ်ပြီး ဘယ်အချိန်မှာ ဘယ်သူဘယ်ဝါနဲ့ ဆက်သွယ် ပြောမယ် ဆိုတာမျိုး လုပ်ကိုင်သင့်ပါတယ်။
မိမိအနေနဲ့ တဦး တယောက်ကို မိမိတို့ စကားပြော အုပ်စုစာရင်း ထည့်သွင်း လက်ခံပြီးရင် စာရင်းထဲရှိသူများက ဂျီမေးလ်၊ ဂျီတော့ခ်ကို ဆက်သွယ်ဖွင့်တိုင်း သူတို့အနေနဲ့ မိမိ အင်တာနက် ချိတ်ဆက် သုံးနေတာကို သိနိုင်ပါတယ်။ မိမိ မလိုလားတဲ့သူ မသိတဲ့လူ ဆက်သွယ်ရေး စာရင်းထဲမှာ ရှိနေရင် ဖယ်ရှားလိုတဲ့ အမည်ရဲ့ ရွေးပြီး မောက်စ် ညာဘက် ကိုနှိပ်ပြီး remove လုပ်နိုင်သလို၊ Block လုပ်ပြီး တားမြစ်နိုင်ပါတယ်။(၃) ဂျီတော့ခ် သုံးစွဲမှုမှ ဗိုင်းရပ်စ် ရနိုင်သလားလို့ မေးတာကို ဖြေရရင် ဂျီတော့ခ် ဖွင့်သုံးခြင်းမှ မရနိုင်ပါ။ သို့ပေမယ့် မိမိနဲ့ ချိတ်ဆက် စကားပြောနေသူ (စကားပြောအုပ်စုထဲမှ တဦးတယောက်)က အီးမေးလ်မှ တဆင့် ပို့လာတဲ့ ဗိုင်းရပ်စ် (virus) စပိုင်ဝဲယား (spyware)၊ စပမ် (spam) စတဲ့ ဒုက္ခပေးနိုင်တဲ့ အင်တာနက် စာမျက်နာလင့်ခ် များကို ဖွင့်ကြည့်ရာမှ ဗိုင်းရပ်စ်တို့၊ စပိုင်ဝဲယား တို့ကို ရနိုင်ပါတယ်။ ဒါကြောင့် မသိတဲ့ လင့်ခ်များ၊ ပူးတွဲစာ၊ ပုံ (attachment file) များကို အလွယ်ဖွင့်ကြည့်ခြင်း၊ ဒေါင်းလုတ် ရယူခြင်းများကို ရှောင်ရှားပါက
ဗိုင်းရပ်စ်ရန်မှ ကင်းနိုင်ပါတယ်။

Salai Thawng Tin Uk
Malaysia

No comments: