free web counter
greyhound runningHurricaneRunning Ostrich

Friday, January 29, 2010

Kawlram catialthiam minthang, Ludu Sein Win tialmi a si

Friday, January 29, 2010

နှစ်သစ်မှာ စိတ်ဝင်စားစရာက ဘာလဲ
လူထုစိန်ဝင်း(၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၆ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြထားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လူထု စိန်ဝင်း ရဲ့အမြင်ဖြစ်ပါတယ်။ )

နှစ်ဟောင်း ကုန်ဆုံးလို့ နှစ်သစ် တစ်ခု ရောက်ပြန်ပြီ။ နှစ်ဟောင်း ကုန်ရက်တွေ နီးကပ်လာတာနဲ့ အမျှ ဂျာနယ်တိုက်တွေက တစ်တိုက်ပြီး တစ်တိုက် လာပြီး မှတ်ချက် စကား ပြောပေးပါ။ ထင်မြင်ချက် ကလေး ရေးပေးပါနဲ့ ပူဆာကြတယ်။ အရင် နှစ်တွေကထက် ပိုပြီးများတယ်။ ရောက်လာမယ့် နှစ်က ၂၀၁၀ ပြည့်နှစ် ဖြစ်နေတာကိုး။

ရွေးကောက်ပွဲကြောင့် စိတ်ထက်သန်ကြ

၂၀၁၀ ပြည့်နှစ်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ကြေညာထားတာ ဖြစ်လေတော့ လူငယ်လေးတွေ သိပ်ပြီး စိတ်အား ထက်သန် နေကြတယ်။ သူတို့လေးတွေ အတော် များများက ရွေးကောက်ပွဲဆိုတာ အခုမှ ပထမဆုံးအကြိမ် အဖြစ် ကြုံတွေ့ရမှာ ဖြစ်လေတော့ စိတ်အား ထက်သန် နေကြတာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အရာပါပဲ။ သူတို့ရဲ့ စိတ်အားထက်သန်မှု လေးတွေ အချည်းအနှီး ဖြစ်မသွား စေချင်တာကြောင့် အားလုံးကို လိုတိုရှင်း ပြောပေး၊ ရေးပေး လိုက်ပါတယ်။ စကားလုံး ကွဲပေမယ့် အကြောင်းအရာကတော့ တစ်ခုတည်းပါ။ အခုလာမယ့် ရွေးကောက်ပွဲဟာ အစိုးရရဲ့ လမ်းပြမြေပုံပါ အချက် ခုနှစ်ချက်မှာ နောက်ဆုံး အချက် ဖြစ်တာ မှန်ပေမယ့် တိုင်းသူ ပြည်သားများ အတွက်ကတော့ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်သေးတဲ့ အကြောင်း ထောက်ပြလိုက်တာ ဖြစ်ပါတယ်။....Read More

No comments: